Main menu

ပွင့်ဖြူမြို့၊ ဥယျာဉ်ကျစ်ကျေးရွာရှိ “မြင့်မိုရ်တောင်” ပဲကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား‌အကြောင်း အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၂.၉.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၄:၀၀  နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ဥယျာဉ်ကျစ်ကျေးရွာရှိ “မြင့်မိုရ်တောင်” ပဲကြော်လုပ်ငန်း သို့ သွားရောက်၍ လုပ်ငန်းရှင် ဦးတင်အောင်ဝင်းနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား အကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။     

     ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်က ‌‌ဒေသတွင်းထုတ်ကုန်ဖြစ်သည့် ပဲကြော်ထုတ်လုပ်ရာ၌ အသုံးပြုသည့် ကုန်ကြမ်းများ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များကို သန့်ရှင်းစနစ်တကျ ထုတ်လုပ်၊ ထုတ်ပိုး၊ သိုလှောင်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ ကုန်အညွှန်း ထုတ်ကုန်ထုပ်ပိုးမှုများအပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံမှုရှိ/ မရှိ၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် သက်ဆိုင်ရာအချက်အလက်များကို စားသုံးသူများ သိရှိနိုင်အောင် ဖော်ပြထားမှုရှိ/မရှိ၊ လက်ရှိတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်အချို့၌ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲများကို ထပ်ပိုးလွှာ၊ ထပ်ပိုးကပ်လွှာ(Sticker)ဖြင့် ကပ်နှိပ်ရောင်းချနေသည်ကို စိစစ်တွေ့ရှိရသဖြင့် ထိုသို့ စတစ်ကာကပ်ခြင်းကို သီးခြားခွင့်ပြုထားခြင်းမရှိကြောင်းနှင့် ကုန်စည်ပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း (သို့မဟုတ်) ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ၎င်းကာလနောက်ပိုင်းတွင် သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အားနည်းသော သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)