Main menu

စက်တင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ကျဆင်းပြီး ပြောင်းလက်ကျန်မြင့်တက်

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်သည် စက်တင်ဘာလတွင် ယခင်နှစ်ကာလတူထက် ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပြောင်းလက်ကျန်မှာ ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့ (PSA) က ၅-၆-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁ ရက်နေ့အထိ ဆန်လက်ကျန်စုစုပေါင်းမှာ တန်ချိန် ၁.၉၁ သန်းရှိခဲ့သည်။ အဆိုပါပမာဏသည် ယခင်နှစ်ကာလတူ၏ ဆန်လက်ကျန် တန်ချိန် ၂.၀၇ သန်းမှကျဆင်းခဲ့ပြီး ယခုနှစ်သြဂုတ်လ၏ ဆန်တန်ချိန် ၂.၁၈ သန်း အောက် ၁၂.၄ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

    အမျိုးသားအဆင့် အစားအစာအာဏာပိုင်အဖွဲ့ (NFA) က သိုလှောင်ထားသည့် လက်ကျန်မှာ ယခင်နှစ်ကာလတူထက် ၃၆.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အိမ်ထောင်စုများ၏ လက်ကျန်မှာ ၀.၆ ရာခိုင်နှုန်း အနည်းငယ်ကျဆင်းခဲ့သည်။ ကုန်သွယ်ရေး လက်ကျန်မှာ ၀.၁ ရာခိုင်နှုန်းသို့ အနည်းငယ် မြင့်တက်ခဲ့သည်။

    သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်ရေး လက်ကျန်မှာ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး NFA မှ ဆန်လက်ကျန်မှာ ၆.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ကာ အိမ်ထောင်စု လက်ကျန်မှာ ၃.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကုန်သွယ်ရေး ကဏ္ဍသည် ဆန်လက်ကျန် စုစုပေါင်း၏ ၄၂.၈ ရာခိုင်နှုန်းကို ရှိခဲ့ပြီး အိမ်ထောင်စုများမှ ၄၂.၂ ရာခိုင်နှုန်း၊ NFA ဂိုဒေါင်များမှ ၁၅ ရာခိုင်နှုန်း အသီးသီး ရှိခဲ့သည်။

    တစ်ချိန်တည်းမှာပင် ပြောင်းလက်ကျန်သည် စက်တင်ဘာ ၁ ရက်အထိ မက်ထရစ်တန်ချိန် ၈၁၆,၄၆၀ ခန့် ရှိခဲ့ရာ ယခင်နှစ်ကာလတူ၏ မက်ထရစ်တန်ချိန် ၅၅၅,၄၀၀ ထက် မြင့်တက်ခဲ့သော် လည်း သြဂုတ်လ၏ မက်ထရစ်တန်ချိန် ၈၂၉,၃၀၀ ထက် ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အိမ်ထောင်စုများမှ ပြောင်းလက်ကျန်သည် ယခင်နှစ်ကာလတူထက် ၅၅.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး ကုန်သွယ်ရေး လက်ကျန်မှာ ၄၆.၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။

     သြဂုတ်လနှင့် နှိုင်းယှဉ်ပါက အိမ်ထောင်စုလက်ကျန်မှာ ၂၈.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုန်သွယ်ရေးလက်ကျန်မှာ ၂.၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ကုန်သွယ်ရေးကဏ္ဍသည် ပြောင်း လက်ကျန် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ရှိခဲ့ပြီး အိမ်ထောင်စုများမှ ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း သိရှိရသည်။

Source: The Manila Times, 06 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)