Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ အောက်တိုဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစား သောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသောက်လျက်ရှိသော ဟင်းလျာများအတွက် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုထားသာ ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် ထုတ်လုပ် သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲတို့အား ဖော်ပြထားခြင်းရှိ/ မရှိတို့အား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)