Main menu

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်ရပ်၊ နောက်လယ်(၄)လမ်းနှင့် မြို့သစ်ရပ်ရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/ မရှိ၊ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့်အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/ မရှိ၊ အလေးချိန်/အချိန် အတွယ် မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင် ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)