Main menu

မြိတ်မြို့တွင် အမြဲအရောင်းသွက်သော ခရမ်းချဥ်သီးဈေးနှုန်း

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် တောင်ပိုင်းအင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှ ယခင်လထက်ပိုမိုဝင်ရောက်လာကြောင်း သိရှိရပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း ထိုင်ဝမ် ခရမ်းချဥ်သီးမျိုးမှာ အခွံထူ၍ အထားခံသောကြောင့် ဝယ်ယူသူများပိုမိုများပြားကြောင်းလည်း သိရှိရပါသည်။ ခရမ်းချဥ်သီးသည် နေ့စဥ်အစားအသောက်ထဲတွင် ပါဝင်ပြီး စျေးကွက်ဝင်သီးနှံ တစ်မျိုး ဖြစ်ပါသည်။ ခရမ်းချဥ်သီးပင်ကို ဘောင်ဖော်၍စိုက်ပျိုးနိုင်သလို ပျိုးအိတ်ဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း သိရပါသည်။

       ခရမ်းချဥ်သီးတွင် ချို၊ ချဥ်သော အရသာရှိပြီး ရေစင်အောင်ဆေး၍ ဆီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ဆီချက်တို့ဖြင့် ရောနှော၍ ခရမ်းချဥ်သီးသုပ်အဖြစ်လည်းကောင်း၊ ချင်း/ လက်ဖက်တို့ဖြင့် ရောနှော၍လည်းကောင်း၊ ထမင်းနှင့် ရောနှော၍ လက်ဖက်ထမင်းသုပ်အဖြစ်လည်းကောင်း ထည့်သွင်း စားသုံးကြသလို ခရမ်းချဥ်သီးယို၊ ခရမ်းချဥ်သီး sauce နှင့် ဟင်းများတွင် ချက်ပြုတ်စားသုံးကြပြီး ခရမ်းချဥ်သီး ဖျော်ရည်အနေဖြင့် သောက်သုံးနိုင်ပါသည်။ ခရမ်းချဥ်သီးသည် နှလုံးကိုကျန်းမာစေပါ သည်။ အရိုးအဆစ်သန်မာစေသည့် ကယ်လစီယမ်၊ သံဓါတ်၊ ဗီတာမင်စီ၊ မျက်စိအမြင်ကောင်းစေသော ဗီတာမင်အေ၊ ပိုတက်စီယမ်နှင့် အခြားဗီတာမင် သတ္တုဓါတ်များပါဝင်သည့်အပြင် အသားအရေ လှပစေရန် ခရမ်းချဥ်သီးကို စားသုံးကြကြောင်းသိရပါသည်။ ခရမ်းချဥ်သီးကို မြိတ်ဒေသရှိရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် မြိတ်မြို့၊ ဆိပ်ငယ် စည်ပင်သာယာစျေး၌ ခရမ်းချဥ်သီးတစ်ပိဿာလျှင် (၆၀၀၀)ကျပ် မှ (၇၀၀၀)ခန့်ထိ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)