Main menu

မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးထွက်ရှိသော သီးနှံများ စျေးကောင်းရလျက်ရှိ

Powered by Drupal

       မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးထုတ်လုပ်သော သီးနှံများအနေဖြင့် မနောသုခစပါးကို ဒေသတွင်း စားသုံးမှုများသောကြောင့် စျေးကောင်းရရှိရာ ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စတင်ထွက်ရှိချိန် ဖြစ်၍ မိုးစပါး (မနောသုခ) တင်း ၁၀၀ လျှင် ၁၂၀၀၀၀၀ိ/- နှင့် အထက်ရှိကြောင်း၊ ဒေသတွင်းစိုက်ပျိုးသော သီးနှံများဖြစ်သည့် ပဲစဉ်းငုံကို ရိတ်သိမ်းနေရာ တစ်တင်းလျှင် ၅၃၅၀၀ိ/- ကျပ်ဖြင့်လည်းကောင်း၊ ထောပတ်ပဲမှာ ၆၀၀၀၀ိ/- ကျပ်ဖြင့်လည်းကောင်း၊ စျေးကောင်းရလျှက်ရှိပြီး၊ နေကြာသီးနှံအနေဖြင့် ယခင်က စိုက်ပျိုးမှုနည်းခဲ့သော်လည်း ယခုနှစ် စားသုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ဆီထွက် သီးနှံဖြစ်သည့် နေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုးခဲ့ကြောင်း တောင်သူများထံမှ သိရှိရပြီး၊ မိုးနေကြာကို သြဂုတ်၊ စက်တင်ဘာလများတွင် စတင်စိုက်ပျိုးခဲ့ပြီး၊ ဒီဇင်ဘာလဆန်းတွင် စတင်ရိတ်သိမ်းရာ တောင်သူရောင်းစျေး တစ်ပိဿာလျှင် ၃၉၀၀ိ/- ရှိကြောင်း သိရသည်။ နေကြာသီးနှံမှာ စျေးကောင်းရသဖြင့် ဆောင်းသီးနှံအဖြစ် နေကြာကို တိုးချဲ့စိုက်ပျိုးနေပါကြောင်း တောင်သူများထံမှ သိရသည်။

DOCA(မန္တလေး)