Main menu

ကန့်ဘလူမြို့နယ်၏ ယခင်လနှင့် ယခုလ ပဲစင်းငုံဈေးနှုန်းအတက်/အကျနှိုင်းယှဉ်ချက်

Powered by Drupal

       မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစင်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

        ဒေသတွင်းဈေးကွက်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ် ၁၀၅၀၀၀၊ ပဲစင်းငုံဖြူ တစ်တင်းလျှင် ကျပ် ၉၈၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၁၀၀၀၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၉၅၀၀၀ နှုန်းဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလအတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၅၀၀၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၃၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကန့်ဘလူဒေသထွက် သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဒေသတွင်းဈေးကွက်၏ ဈေးနှုန်းအတက်အကျမှာ  မန္တလေးဈေးကွက်အပေါ်မူတည်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)