Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော မတ်ပဲ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

      ကန့်ဘလူမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ၉၁၀၀၀ ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၆၀၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများမှာ မတ်ပဲတစ်တင်း လျှင် ကျပ် ၉၀၀၀၀ နှင့် မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ် ၉၄၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်လနှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ပါက အောက်တိုဘာလအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀နှင့် မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၅၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ မန္တလေးပဲဈေးကွက်၏ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းအတက်၊ အကျပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)