Main menu

ကန့်ဘလူမြို့ ပဲဈေးကွက်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း ပဲဇီးကွက်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

        ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် ၈၉၀၀၀ ကျပ်၊ အကွဲအနာပါလျှင် ၈၈၅၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း မန္တလေးဈေးကွက်တွင်  အရောင်းအဝယ် အေးနေသောကြောင့် ပဲဇီးကွက်တစ်တင်းလျှင် ၈၀၀၀ ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပဲဇီးကွက်သီးနှံကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိပြီး ဒေသတွင်းဈေးကွက် အနေဖြင့် မန္တလေးကုန်စည်ဒိုင်နှင့် ပွဲရုံများ၏ ဈေးနှုန်းအတက်/အကျပေါ်မူတည်၍ ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)