Main menu

ပဲမျိုးစုံဈေးကွက်ကုလားပဲမျိုးစုံဈေးနှုန်း ပြန်လည်မြင့်တက်

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

        ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၇၀၀၀၀၊ (929)တစ်တင်းလျှင် ကျပ် ၇၄၀၀၀၊ (V2)တစ်တင်းလျှင် ကျပ် ၇၇၀၀၀ နှင့် (V7)တစ်တင်းလျှင် ကျပ် ၇၆၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကျပ် ၃၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မန္တလေးဈေးကွက်တွင် ကုလားပဲ အဝယ်လိုက်လာသောကြောင့် ဖြစ်ကြောင်း၊  ကန့်ဘလူဒေသထွက်  ကုလားပဲများကို ဒေသတွင်း သီးနှံပွဲရုံများမှတဆင့် မန္တလေးမြို့ ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)