၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စားဖိုဆောင်သီးနှံများ၏ လက်လီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၅၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ ကျပ်၊ ချင်း တစ်ပိဿာ ၁၈၀၀ ကျပ်၊ နနွင်း တစ်ပိဿာ ၄၀၀၀ ကျပ်၊ ငရုတ်ခြောက်(အရှည်) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ မန်ချည်းသီးမှည့် တစ်ပိဿာ ၂၅၀၀ ကျပ်နှင့် အာလူး တစ်ပိဿာ ၃၀၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့ရှိ စားဖိုဆောင်သီးနှံဈေးနှုန်းများသည် ယခင်နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ရှမ်း၊ ကြူကုတ်)၊ ခရမ်းချဉ်သီး၊ မန်ကျည်းသီးမှည့်နှင့် ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ တည်ငြိမ်လျက် ရှိပါသည်။
DOCA(ရှမ်း)