Main menu

ပြည်တွင်းပဲဈေးကွက်မှာ ဘိုကိတ်ပဲ၊ ထောပတ်ပဲ နှင့် ပဲပုပ်သီးနှံများ ယခင်နှစ်ရဲ့ဈေးထက်ဈေးပိုရလာခဲ့

Powered by Drupal

     ပြည်ပဲမျိုးစုံဈေးကွက်မှာ ပြည်တွင်းတွင် ဝယ်လက်ရှိသောပဲများသာမက ပြည်ပကဝယ်လက်ရှိသောပဲများပါ နေ့စဉ်ပုံမှန်ရောင်းဝယ်နေခဲ့ကြပါသည်။  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများအနေဖြင့် ပဲသစ်များဝင်ရောက်လာခဲ့ပြီး ရန်ကုန်၊ မန္တလေးလိုင်းသမားများမှ ဝယ်ယူလျက်ရှိကြပါသည်။ ဒေသတွင်း လက်လီ/လက်ကားရောင်းဝယ်လျက်ရှိကြသော ဘိုကိတ်ပဲ၊ ပဲလွမ်းဖြူ၊ ထောပတ်ပဲ၊ ပဲနီပြား၊ ပဲပုတ်သီးနှံများအနက်မှ ဘိုကိတ်၊ ပဲလွမ်းဖြူ၊ ထောပတ်ပဲနှင့် ပဲပုတ်သီးနှံသစ်များစတင်ဝင်ရောက်ခဲ့သောကြောင့် လက်လီ၊ လက်ကားရောင်းဝယ်လျက်ရှိကာ အိတ် ၅၀/၁၀၀ ကျော်အထိ နေ့စဉ်ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။  ပဲသစ်များ၏ဈေးနှုန်းများမှာ ဘိုကိတ်ပဲသီးနှံတစ်တင်းလျှင် ၄၀၀၀၀ ကျပ်၊ ပဲလွမ်းဖြူသီးနှံတစ်တင်းလျှင် ၄၀၀၀၀ ကျပ်၊ ထောပတ်ပဲနှင့် ပဲနီပြားသီးနှံမှာ တစ်တင်းလျှင် ၅၀၀၀၀ ကျပ်တို့ဖြင့်လည်းကောင်း ပဲပုပ်သီးနှံမှာ တစ်တင်းလျှင် ၅၅၀၀၀ ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်နေခဲ့ကြပါသည်။ ယခင်နှစ်ဈေးနှုန်းများအရ ဘိုကိတ်ပဲသီးနှံမှာ နှစ်ကုန်ပိုင်း၌ တစ်တင်းလျှင် ၃၂၅၀၀ ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးနှင့်ယှဉ်လျှင် ဈေးပိုရသလို၊ ပဲလွမ်းဖြူသီးနှံမှာ ယခင်နှစ်နှင့်ယခုနှစ်တို့တွင် ဈေးတူရပြီး၊ ထောပတ်ပဲသီးနှံမှာ ယခုနှစ်တွင် ဈေးပိုရသောကြောင့် တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ပိုရခဲ့ပါသည်။  ပဲနီပြားသီးနှံမှာ ယခုနှစ်တွင် တစ်တင်းလျှင်း ၅၀၀၀၀ ကျပ်သာရရှိခဲ့သည့်အတွက် ယခင်နှစ်၏နှစ်ကုန်တွင် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်ရရှိနေခဲ့သောကြောင့် ယခုနှစ်တွင် ပဲနီပြားဈေးလျော့နည်းခဲ့ပါသည်။  ပဲပုပ်သီးနှံမှာ ယခင်နှစ်က တစ်တင်းလျှင် ၄၀၀၀ ကျပ်သာရရှိ၍ ယခုနှစ်တွင် တစ်တင်းလျှင် ၅၅၀၀၀ ကျပ်ရရှိခဲ့သည့်အတွက် ယခုနှစ် ပဲပုပ်သီးနှံမှာ ဈေးကောင်းနေခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ပြည်တွင်းရောင်းဝယ်မှုအဖြစ်များသော ပဲသီးနှံများအနေဖြင့် ဘိုကိတ်ပဲ၊ ထောပတ်ပဲနှင့် ပဲပုပ်သီးနှံများ ယခင်နှစ်ဈေးထက်ဈေးပိုရပြီး ပဲနီပြားသီးနှံမှာ ယခင်နှစ်ဈေးထက်ဈေးလျော့၍ ရောင်းဝယ်နေခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)