Main menu

​ပြည်ခရိုင်စပါး/ဆန်ဈေးကွက်

Powered by Drupal

        ပြည်ခရိုင်အနေဖြင့် နွေစပါးမှာ လုံးဝလက်ကျန်မရှိတော့ကြောင်း သိရှိရပြီး မိုးစပါးသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသတွင်း စားသုံးဆန်အဖြစ်သာ အရောင်းအဝယ်ရှိပါသည်။ ယခုအချိန်တွင် မိုးစပါး အသစ်ကိုသာ ကြိတ်ခွဲပြီး ဆန်သစ်များ အရောင်းအဝယ် တွင်ကျယ်လျက်ရှိပါသည်။

      ယခုအချိန်တွင်မိုးစပါးများရိတ်သိမ်းနေပြီး မိုးစပါးဈေးကွက်မှာ ဈေးအေးနေပါသည်။  မိုးစပါးဈေးအေးနေသည့်အတွက် တောင်သူများမှာ ဆောင်းသီးနှံများဦးစားပေး စိုက်ပျိုးနေကြပါသည်။ မိုးစပါးဈေးမှာအေးနေသည့်အတွက် ယခင်အပတ်ကအတိုင်းပြည်မြို့နယ်တွင် ကရင်မ(၄၆)ပေါင် တင်း ၁၀၀လျှင် ၁၁၀၀၀၀၀ကျပ်၊ မှော်ဘီစပါးတင်း(၁၀၀)လျှင် ၁၁၃၀၀၀၀ကျပ်၊ ကရင်မ ဆန်တစ်အိတ်လျှင် ၃၉၀၀၀ကျပ်၊ မှော်ဘီဆန်တစ်အိတ်လျှင် ၄၁၀၀၀ကျပ် ဈေးရှိပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကရင်မစပါးမျိုးကိုသာ အဓိကစိုက်ပျိုးသည့်အတွက် (၄၆)ပေါင်တင်း ၁၀၀လျှင် ၁၁၀၀၀၀ကျပ်၊  ဆန်တစ်အိတ်လျှင် ၃၈၀၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် မှော်ဘီစပါးမျိုးကိုသာ စိုက်ပျိုးသည့်အတွက် မှော်ဘီစပါးတင်း(၁၀၀)လျှင် ၁၂၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၄၁၀၀၀ ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ကရင်မစပါးတင်း(၁၀၀)လျှင် ၁၁၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၃၈၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။

စပါး/ဆန်ဈေးမှာ အရောင်းအဝယ်အေးနေသည့်အတွက် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)