Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့မှ ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁၀ တွဲ ကျပ် ၇၅၀၀၊ ၁ တွဲ ကျပ် ၁၀၀၀၊ ပြည် မှ ဇီးသီး (အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါကျပ် ၁၄၀၀၀၊  ဆင်ဖြူကျွန်း မှ  ဇီးသီး (စလေ)   အလုံးကြီးတစ်ခြင်း ၈ ပြည် ပါ ကျပ်  ၁၃၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ခြင်း ၅ ပိဿာပါ ကျပ် ၇၀၀၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ အလုံးကြီး တစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၂၂၀၀၊ အလုံးလတ် ကျပ် ၁၈၀၀၊ မြင်းခြံ၊ တောင်ငူ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၇၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၂၅၀၀ ၊ ဘားအံ၊ ဘီးလင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၃၀၀၀ မှ ၂၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၃၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ အလုံးလတ် ကျပ် ၁၂၀၀ မှ ၁၀၀၀ ၊ အလုံးသေး  ကျပ် ၈၀၀ မှ ၅၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီးကျပ် ၂၈၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၈၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၂၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)