Main menu

ငွေနှင်းမှိုစိုက်ပျိုးခြင်းဖြင့် တစ်ဘက်တစ်လမ်းမှဝင်ငွေရှာစို့

Powered by Drupal

     ဈေးကွက်အတွင်းတွင် အိမ်ရှင်မများချက်ပြုတ်စားစရာ အရံဟင်းတစ်မျိုးဖြစ်သော ငွေနှင်းမှို တို့ကိုရောင်းချလျက်ရှိရာ တစ်ပိဿာ ၅၀၀၀ကျပ်ဈေးဖြင့် ဝယ်ယူစားသုံးလျက်ရှိပါသည်။ အဆိုပါ ငွေနှင်းမှိုအား စိုက်ပျိုး၍ရောင်းချသူများအနေဖြင့် မှိုမျိုးစေ့ထုတ်တစ်ထုတ်လျှင် ၇၅၀ကျပ်ဖြင့် ဝယ်ယူ၍ မိမိအိမ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသောကြောင့် တစ်ဖက်တစ်လမ်း ဝင်ငွေရရှိနေသော စီးပွားရေးလုပ်ငန်းလုပ်ငန်းတစ်ခုဖြစ်ပါသည်။ မှိုမျိုးစေ့ထုတ်များအား အမိုးရှိ၍အေး သောနေရာတွင်ထားပြီး အထုတ်စိုရုံ ရေကိုတစ်နေ့နှစ်ကြိမ်ဖျန်းပေးခြင်းအားဖြင့်  ထူးထူးခြားခြား ဆေးကျွေးစရာမလိုဘဲ အဖူးများထွက်ရှိလာကာ (၂)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ မှိုမျိုးစေ့တစ်ထုတ်လျှင် အနည်းဆုံး ၃၀ကျပ်သားမှ ၅၀ကျပ်သားအထိထွက်ရှိပါသည်။ မှိုစေ့အထုတ်သက်တမ်းမှာ (၄)လခန့်ကြာပြီး တစ်လလျှင် (၄)ကြိမ်ပုံမှန်ခူးဆွတ်နိုင်သည်ဟု သိရှိရပါသည်။ ထိုသို့ မှိုကိုစိုက်ပျိုးရာတွင် နေရာအကျယ်အဝန်းများများစားစားမလို၊ အရင်းအနှီးလည်း နည်းနည်း ဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိနိုင်သော ငွေနှင်းမှိုအား စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)