Main menu

ငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

       ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင် စိုက်ပျိုးကြပြီး လွိုင်ကော် မြို့နယ် ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာ နှင့် လင်ဖုံလေးကျေး ရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိသည်။

    ငရုတ်သီးကို မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်း ဝင်ရောက်လျက်ရှိပြီး ငရုတ်သီးခြောက်တောင့်ရှည်နှင့်အပုခြောက်(ကုလားအော်သီးခြောက်)ဟူ၍ (၂)မျိုးရှိရာ ငရုတ်သီးခြောက်တောင့်ရှည်မှာ အစပ်နည်းပြီးဈေးနည်းကာကုလား အော်သီးခြောက်မှာ အလွန်စပ်၍ ဈေးပိုကောင်းပါသည်။

      ယခုလက်ရှိ ဇန်နဝါရီလအတွင်း ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ် နှင့်ကုလားအော်သီးခြောက် တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဒီဇင်ဘာလပတ်တွင် ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ရှိခဲ့ပြီး ယခင်ဒီဇင်ဘာလနှင့်ယခုဇန်နဝါရီလ နှိုင်းယှဉ်လျှင် ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးတက်လာသော်လည်း၊  ကုလားအော်သီးခြောက် တစ်ပိဿာဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးရှိ ငရုတ်သီးခြောက် ရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)