ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ စိုးမိသားစုဆန်စက်၊ 912 ဆန်စက်၊ ပြည့်ဖြိုးကြွယ်ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ စက်ပိုင်များထံသို့ ကွင်းဆင်းလေ့လာစုံစမ်းမှုအရ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စတုတ္ထပါတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါး တင်း ၁၀၀လျှင် စက်အရောက်ဈေး (၁၂၃၀၀၀၀/-)ကျပ် ကရင်မစပါး တင်း ၁၀၀လျှင် (၁၂၂၀၀၀၀/-)ကျပ်၊ နှံကားစပါး တင်း၁၀၀လျှင် (၁၁၁၀၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပါတ်ဈေးနှုန်းအတိုင်း စပါးဈေးတည်ငြိမ်လျက်ရှိကြောင်း စက်ပိုင်များ၏ ပြောပြချက်အရသိရှိရပါသည်။
ဆန်ဈေးအနေဖြင့် ကရင်မစပါး၊ နှံကားစပါး၊ ဆင်းသုခစပါးများ၏ ဆန်ဖြူတစ်အိတ်လျှင် (၄၂၇၀၀/-)ကျပ်ဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်လိုအား ရရှိနေကြောင်း သိရှိရပါသည်။
ဆန်ဖြူများ ကြိတ်ခွဲရောင်းချမှုမှာ တွက်ခြေကိုက်မှုအနည်းငယ်သာရှိသော်လည်း ရန်ကုန်ဘုရင့်နောင်မှ ဝယ်လိုအားရရှိမှုကြောင့် အကျိုးအမြတ်ရရှိမှုမှာ ဒေသတွင်းရောင်းချမှုထက် ပိုမိုအကျိုးအမြတ်ရရှိကြောင်း စက်ပိုင်များထံမှ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)