စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (ဆန်) (ဟောင်း)တစ်အိတ်လျှင် ၈၈၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(ဆန်) (သစ်)တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်၊ ဧရာမင်း(ဆန်)(ဟောင်း)တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) (သစ်)တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း)တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ငစိန်(ဆန်)(သစ်)တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၉၄၅၀-၉၅၀၀ ကျပ်အထိ၊ နှမ်းဆီတစ်ပိဿာလျှင် ၉၅၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၂၅၀-၅၃၀၀ ကျပ်အထိ၊ ဆားတစ်ပိဿာလျှင် ၇၀၀-၈၀၀ ကျပ်အထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ကြက်သွန်နီ(အဟောင်း)တစ်ပိဿာလျှင် ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၅၃၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ အားလူးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၀၀၀-၄၃၀၀ ကျပ်အထိ၊ နနွင်းတက်တစ်ပိဿာလျှင် ၄၈၀၀-၅၀၀၀ ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ၇၀၀ ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)တစ်စီးလျှင် ၅၀၀ ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၆၀၀၀-၁၇၀၀၀ ကျပ်အထိ၊ ဆိတ်သားတစ်ပိဿာလျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀-၈၀၀၀ ကျပ်အထိ၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး(ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရပါသည်။
ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်း(ဆန်)နှင့် ဧရာမင်း(ဆန်) (သစ်)များ ဈေးအနည်းငယ်တက်နေပြီး၊ ကြက်သွန်ဖြူများမှာ ဈေးအနည်းငယ်ကျနေပါကြောင်း၊ ကြက်သွန်နီ(သစ်)များသည်လည်း မုံရွာဈေးကွက်သို့ စတင်ဝင်ရောက်နေပါသဖြင့် ဈေးနှုန်းများသည် အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)