Main menu

ကယားပြည်နယ်တွင်း ရွှေဈေးနှုန်းပြန်လည်မြင့်တက်

Powered by Drupal

      ကယားပြည်နယ်သည် ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း နှင့် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များမှာ ယူရောင်းချခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ယခုလက်ရှိ ဇန်နဝါရီလ ပထမပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ် နေသော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂,၇၂၅,၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂,၅၅၅,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဒီဇင်ဘာလ ပထမပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂,၆၅၆,၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂,၄၉၀,၀၀၀) ကျပ် ရှိခဲ့ပြီး ယခင် ဒီဇင်ဘာလပထမပတ် နှင့် ယခု ဇန်နဝါရီလပထမပတ်နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၆၉,၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၆၅,၀၀၀)ကျပ်ခန့် ဈေးနှုန်းများပြန်လည်မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းတိုးမြင့်လာခြင်းကြောင့်ဖြစ်သည့်ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)