Main menu

ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(အသစ်) ဈေးနှုန်းများနှင့်  စီးထွက်မှုအခြေအနေ

Powered by Drupal

     ဆိပ်ဖြူကုန်စည်ဒိုင်၌ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဒေသတွင်းမိုးကြက်သွန်နီ (အသစ်)နှင့် ဆင်ဖြူကျွန်း၊ စလင်းဒေသထွက် ကြက်သွန်နီများ နေ့စဉ်ကုန်ချိန် ပိဿာ (၂)သောင်းခွဲ မှ (၃)သောင်းခွဲထိ ဝင်ရောက်လျက်ရှိပြီး ဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ် ဖြစ်နေပါသည်။

      ဆိပ်ဖြူမြို့မှ အခြားတိုင်းဒေသကြီးသို့ စီးထွက်မှုမှာ ဒီဇင်ဘာလ(စတုတ္ထ)ပတ်တွင် ရန်ကုန် ဘုရင့်နောင်(ပွဲရုံ)သို့ အိတ်ရေ(၇၀၀၀)၊ ပိဿာ(၂)သိန်းခွဲ၊ တန်ချိန်(၁)သောင်းခွဲခန့် စီးထွက်ခဲ့ပါသည်။ ယခင်(၁)ပတ်နှင့် နှိုင်းယှဉ်လျှင် အိတ်ရေ(၁၅၀၀)၊ ပိဿာ(၅)သောင်းခန့် ပိုမိုစီးထွက်ခဲ့သည်။ ဆိပ်ဖြူ မြို့၏ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ ကုန်စည်ဒိုင်ပြတ်ဈေး (၁)ပိဿာလျှင် အမြင့်ဈေး ထိပ်စကျပ်(၂၀၀၀/၁၉၅၀)၊ အလတ်စကျပ်(၁၉၀၀/ ၁၈၀၀/ ၁၇၀၀)၊ အသေးစကျပ်(၁၂၀၀/၁၁၀၀/၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်ဒီဇင်ဘာ (တတိယ)ပတ်တွင် အမြင့်ဈေး ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၈၅၀ မှ ၁၀၀၀ ထိ) ဈေးနှုန်း ဖြစ်၍ ယခု(၁)ပတ်အတွင်း ကျပ်(၁၀၀)ခန့် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

     ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းနှင့် မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် လက်လီဈေးအနေဖြင့် ကြက်သွန်နီ(၁)ပိဿာလျှင် (ဥ)အရွယ်အစား အရည်အသွေးလိုက်၍ ကျပ်(၂၅၀၀ မှ ၁၅၀၀ ထိ) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)