မုံရွာမြို့ကန်သာယာဈေး၌ မုံရွာမြို့နယ်၊ မြောင်မြို့နယ်၊ ရွှေဘိုနှင့်ရန်ကုန်ငါးဒိုင်များမှ ငါးမျိုးစုံ လက်လီ၊ လက်ကားဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိပါသည်။ ကန်သာယာဈေးသည် နံနက်(၂:၀၀)နာရီမှ ညနေ(၇:၀၀)နာရီအချိန်ထိ ရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီလတွင် ပြည်ထောင်စုဈေးကြီးအဖြစ်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကန်သာယာဈေး၌ရောင်းချလျက်ရှိသော ငါးအမျိုးအစားနှင့်ဈေးနှုန်းများမှာ ကကတစ်ငါး တစ်ပိဿာ(၄၅၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာ(၆၀၀၀)ကျပ်၊ ငါးမွေထိုးတစ်ပိဿာ(၉၀၀၀)ကျပ်၊ ငါးဟင်းငံတစ်ပိဿာ(၇၀၀၀)ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာ(၇၀၀၀)ကျပ်၊ ငါးကြင်းမျက်စံနီ တစ်ပိဿာ (၆၀၀၀)ကျပ်၊ ငါးပြေမတစ်ပိဿာ(၆၀၀၀)ကျပ်၊ ဆလားဗီးယားတစ်ပိဿာ(၆၀၀၀)ကျပ်၊ ငါးလူးတစ်ပိဿာ(၇၀၀၀)ကျပ်၊ နိုင်လွန်ငါးတစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ငါးအိုးကပ်တစ်ပိဿာ (၄၀၀၀) ကျပ်၊ ငါးပိုးတစ်ပိဿာ(၄၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ(၆၅၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ငါးကျည်းတစ်ပိဿာ(၁၇၀၀၀)ကျပ်၊ ငါးရံ့တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ငါးပတ် တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ငါးရှဉ့်တစ်ပိဿာ(၁၄၀၀၀)ကျပ်၊ ပြည်ကြီးငါးတစ်ပိဿာ (၂၄၀၀၀)ကျပ်၊ ငါးသလောက်ဥတစ်ပိဿာ(၁၄၀၀၀)ကျပ်၊ ကျားပုဇွန်တစ်ပိဿာ(၈၅၀၀)ကျပ်၊ ပုဇွန်တစ်ပိဿာ (၉၀၀၀)ကျပ်၊ ပင်လယ်ဂဏန်းကြီးတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ယောက်သွားတစ်ပိဿာ (၅၀၀၀) ကျပ်၊ လယ်ပုဇွန်လုံးတစ်ပိဿာ(၂၀၀၀)ကျပ်နှင့် လယ်ကြွက်သားတစ်ပိဿာ (၉၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)