Main menu

၂၀၂၂-ခုနှစ် ဒီဇင်ဘာလအတွင်း မကွေးမြို့သို့ အခြားတိုင်း/ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် စျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံဖြစ်သော နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးမှာ ဆည်ရေရရှိသည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမြို့များ၊ တောင်တွင်း၊ မြို့သစ်နှင့် နတ်မောက်တို့တွင်သာ စိုက်ပျိုးကြသည့်အတွက် ဆန်ဖူလုံမှုမရှိ၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှတင်သွင်းပြီး စားသုံးရသည့် တိုင်းတစ်တိုင်းဖြစ်ပါသည်။

        ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာလအတွင်း စပါးအဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းမှ ဆန် (၁၈၉၈၃)အိတ်၊ မန္တလေးတိုင်းမှ (၂၄၂၇)အိတ်၊ ရန်ကုန်တိုင်းမှ (၉၃၂)အိတ်၊ စစ်ကိုင်းတိုင်းမှ (၃၅၀)အိတ်၊ ပဲခူးတိုင်းမှ (၃၄၀)အိတ်နှင့် ရခိုင်ပြည်နယ်မှ (၃၈၀)အိတ် စုစုပေါင်း(၂၃၄၁၂)အိတ် (၁၁၇၀.၆၀)တန် စီးဝင်ခဲ့ကြောင်းနှင့် ဒေသတွင်းအရောင်းအဝယ်ဖြစ်ပေါ်နေသော ဆန်စျေးနှုန်းများမှာ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဧရာပဒေသာ (ပွင့်ဖြူ) (၂၄)ပြည်တစ်အိတ်လျှင် (အဟောင်း) ကျပ်(၆၃၀၀၀-၆၅၀၀၀)၊ (အသစ်) ကျပ် (၅၃၀၀၀-၅၅၀၀၀)၊ ဧရာပဒေသာ (မြောင်းမြ) (၂၄) ပြည်တစ်အိတ်လျှင် ကျပ်(၄၈၀၀၀-၅၂၀၀၀)၊ ပေါ်ဆန်းမွှေး(ရွှေဘို) (၂၄)ပြည်တစ်အိတ်လျှင် (အဟောင်း) ကျပ်(၉၅၀၀၀-၁၀၀၀၀၀)၊ (အသစ်) ကျပ်(၇၂၀၀၀-၇၄၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၄၅၀၀၀-၄၆၀၀၀)၊ မနောသုခ(မြောင်းမြ) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၄၄၀၀၀-၄၇၀၀၀)နှင့် ဖန်သီး(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၄၉၀၀၀-၅၂၀၀၀) တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)