Main menu

ပခုက္ကူမြို့ပေါ်၌ ရာသီစာ ထန်းပင်မြစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     ပခုက္ကူမြို့ပေါ်၌ အညာဒေသ၏ ရာသီစာ အစားအစာ တစ်မျိုးဖြစ်သည့် ထန်းပင်မှ ရရှိသော ထန်းပင်မြစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 

      မြင်းခြံမြို့နယ် ဇကြန်းရွာ၊ ပခုက္ကူမြို့အနီးရှိရွာများမှ တော်သလင်းလ ထန်းသီးရင့်မှည့်ချိန်မှစ၍ သီတင်းကျွတ်လဆန်းပိုင်းတွင် ထန်းသီးမှည့်များကို ချောင်းရိုးများ၌ သဲထူထူတူး၍ မြှုပ်ကြကြောင်း၊ နတ်တော်လပြည့်ကျော်မှစ၍ တူးဖော်ကြပြီး ပြာသိုလဆန်းပိုင်းတွင် ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်လျက်ရှိကြောင်း ထန်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ထန်းပင်မြစ်များ ပေါ်စတွင် ဈေးနှုန်းအနေဖြင့် ထန်းပင်မြစ်(၂၅)ချောင်း တစ်စည်းလျှင် ကျပ်(၁၀၀၀) ဖြစ်ပြီး ယခု၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ထန်းပင်မြစ် အနု/အရင့်ပေါ် မူတည်၍ ထန်းပင်မြစ်(၂၅)ချောင်း အနုတစ်စည်းလျှင် ကျပ်(၆၀၀)၊ အရင့် တစ်စည်းလျှင် ကျပ်(၁၅၀၀) ဈေးဖြင့်ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)