မိတ္ထီလာခရိုင်အတွင်း ထောပတ်ပဲကို မိတ္ထီလာ၊ မလှိုင်၊ သာစည်မြို့နယ်များတွင် စိုက်ပျိုးကာ ယခုနှစ် စျေးကောင်းပိုရရှိကြောင်းသိရသည်။ ထောပတ်ပဲမှာ တောင်သူများအတွက် ပဲအစို(ပဲစိမ်း) အခြေအနေမှာပင် စျေးကောင်းရသဖြင့် တောင်သူများမှာ ယခင်နှစ်က ပဲစိုအတိုင်း စျေးကွက်သို့ ပိုမိုတင်ပို့ခဲ့ပြီး ယခုနှစ်စျေးကွက်အတွင်း ထောပတ်ပဲ အစိုစျေးနှုန်းမှာ တစ်ပြည်လျှင် ၂၄၀၀ိ/- ကျပ်ခန့်ရှိ သော်လည်း ဝါကောက်သိမ်းခြင်း၊ နေကြာစိုက်ခင်းပြုစုခြင်း၊ ငရုတ်၊ ခရမ်းချဉ်များ စိုက်ပျိုးနေချိန်ဖြစ်၍ ထောပတ်ပဲ အစိုဆွတ်ခူးရောင်းချနိုင်မူ လျော့နည်းခဲ့ကြောင်း၊ ထောပတ်ပဲအခြောက် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်ခန့်ရရှိခဲ့ခြင်းကြောင့် တောင်သူများတွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်းသိရပါသည်။
DOCA(မန္တလေး)