Main menu

ငရုတ်စျေးကောင်းသော်လည်း အရောင်းအဝယ်အေးလျက်ရှိ

Powered by Drupal

        မိတ္ထီလာခရိုင်အတွင်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ကို မိတ္ထီလာ၊ မလှိုင်၊ သာစည် ၊ဝမ်းတွင်း မြို့နယ်များတွင်စိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်များကို ယခင်နှစ်များတွင် ပြည်တွင်းအပြင် တရုတ်၊ ထိုင်းနိုင်ငံများအထိ ငရုတ်(အစို)ကိုတင်ပို့ကြကြောင်း၊ ယခုနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် ငရုတ်စိုက်ဧက (၁၈၃၉၂)ဧက၊ ရိတ်ဧက( ၈၈၄၆)ဧကရှိပြီး အထွက်စုစုပေါင်း (၂၃၆၄၈၀၂)ပိဿာ ထွက်ရှိကြောင်း၊ ယခုနှစ်လက်ရှိ စျေးကွက်အတွင်းဖြစ်ပေါ်နေသော မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ခန့်ရှိပြီး ယခင်နှစ် မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ်နှင့်ယခုနှစ်နှိုင်းယှဉ်လျှင် မိုးထောင် ငရုတ်သီးခြောက် တစ်ပိဿာလျှင်(၇၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့် တက်လာရခြင်းမှာ စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းလာခြင်း၊ သွင်းအားစုများ နှင့် လုပ်သားခများ ဈေးနှုန်းမြင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ဈေးကောင်းရရှိသော်လည်း အရောင်းအဝယ်အေးလျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(မန္တလေး)