Main menu

ဂေါ်ဖီထုပ်ဈေးနှုန်း ကျဆင်းလျက်ရှိ

Powered by Drupal

       ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်ကို လွိုင်ကော်မြို့နယ်အတွင်းရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင် အနည်းငယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းရောင်းချနေသောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ပင်လောင်း၊ တီဂျစ်၊ နောင်တရားတို့မှ တင်သွင်းရောင်းချကြပါသည်။ ယခုလက်ရှိ ဇန်နဝါရီလတွင် ဖြစ်ပေါ်နေသောဂေါ်ဖီထုပ်ဈေးနှုန်းမှာ ဂေါ်ဖီထုပ်အကြီးတစ်လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၃၅၀)ကျပ်ခန့်သာရှိပြီး  ယခင်ဒီဇင်ဘာလတွင် ဂေါ်ဖီထုပ် အကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၄၀၀)ကျပ်ခန့်ရှိခဲ့ပြီး ယခင်ဒီဇင်ဘာလနှင့် ယခုလက်ရှိဇန်နဝါရီလနှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်အလုံးကြီးတစ်လုံးလျှင်( ၁၀၀ )ကျပ်နှင့် အလုံး သေးတစ်လုံးလျှင်( ၅၀ )ကျပ်ခန့် ကျဆင်းလာကြောင်း နောင်တယားမြို့မှ ကားဖြင့်လာရောက် ရောင်းချနေသော ပင်ရင်းဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(ကယား)