Main menu

ရွှေတောင်မြို့နယ်ရှိ ကိုင်းခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

           ရွှေတောင်မြို့နယ်ရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြေနုကျွန်းများတွင် ကိုင်းခရမ်းချဉ်သီးများ စိုက်ပျိုးထားရှိပါသည်။ စိုက်ပျိုးထားသော ကိုင်းခရမ်းချဉ်သီးမျိုးများမှာ ထိုင်ဝမ်မျိုးဖြစ်ပြီး တပိုင်တနိုင်သာစိုက်ပျိုးထားကြောင်း သိရပါသည်။ ကိုင်းခရမ်းချဉ် သီးကို ဧကပြတ်စိုက်ပျိုးမည်ဆိုလျှင် တစ်ဧကလျှင် မျိုးစေ့ ၁၀၀ဂရမ်နှုန်းခန့် လိုအပ်ပြီး ခရမ်းချဉ်ပင် ၈၀၀၀-၉၀၀၀အထိ ဝင်ဆံ့ကြောင်း သိရှိရပါသည်။ ခရမ်းချဉ်ပင်ကို စနစ်တကျ ပြုစုစိုက်ပျိုးပါက တစ်ဧကလျှင် ပိဿာ ၅၀၀၀ခန့် ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းချဉ်ပင်ကို ဆောင်းရာသီနှင့် နွေရာသီတို့တွင် စိုက်ပျိုးကြပါသည်။ ရွှေတောင်မြို့နယ်ရှိ မြေနုကျွန်းများတွင် ကိုင်းခရမ်းချဉ်သီးကို တော်သလင်းလတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလကုန်တွင် စတင်ခူးဆွတ် ရောင်းချပါသည်။ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

        ထွက်ရှိလာသောခရမ်းချဉ်သီးများကို ရွှေတောင်မြို့နယ်အတွင်းရှိ ဈေးများတွင်ရောင်းချသလို ပြည်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ မြေနုကျွန်းများပေါ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းချဉ်သီးစိုက်ပျိုးခြင်းဖြင့် ရာသီချိန်ဝင်ငွေရရှိ၍ စိုက်ပျိုးဧက တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)