Main menu

ဈေးကွက်အတွင်း လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိ

Powered by Drupal

လိမ္မော်သီးကို ကယားပြည်နယ်အတွင်းရှိ ဘောလခဲမြို့နယ် လွိုင်ဝိန်ကျေးရွာ၊ ဝမ်မလန် ကျေးရွာတို့တွင်လည်းကောင်း၊ ဖရူဆိုမြို့နယ် မူဆိုကျေးရွာတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာတို့တွင် မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဆောင်း ဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။
ယခုလက်ရှိမှာတော့ ဈေးကွက်အတွင်း၌ ရောင်းချသောလိမ္မော်သီးများမှာ ရှမ်းပြည်နယ် တောင် ပိုင်း ပင်လောင်း၊ အောင်ပန်း၊ နောင်တရား နှင့် ကလော အစရှိသည့်ဒေသများမှ ထွက်ရှိသော လိမ္မော် သီးများဖြစ်ကြပြီး ယခုဇန်နဝါရီလ ဈေးကွက်အတွင်း၌ လိမ္မော်သီးအလုံး (သေး) တစ်ပိဿာ လျှင် (၁၄၀၀)ကျပ်၊ (လတ်) တစ်ပိဿာ လျှင်(၁၈၀၀)ကျပ်၊ (ကြီး) တစ်ပိဿာလျှင်(၂၃၀၀) ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ယခင်လ ဒီဇင်ဘာလတွင် (သေး)တစ်ပိဿာ(၁၅၀၀)ကျပ်၊ (လတ်) တစ်ပိ ဿာ (၂၀၀၀)ကျပ် ၊(ကြီး)တစ်ပိဿာ (၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။
ယခင်ဒီဇင်ဘာလနှင့် ယခု ဇန်နဝါရီလ နှိုင်းယှဉ်မည်ဆိုလျှင် (သေး/၁၀၀) ကျပ်၊ (လတ်/၂၀၀) ကျပ်၊(ကြီး/၂၀၀)ဖြင့်ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်း၌ လိမ္မော်သီးများလှိုင်လှိုင်ဝင်ရောက် လာသော်လည်းဈေးနှုန်းမှာ သိသိသာသာကျဆင်းသွားမှုမရှိဘဲ အနည်းငယ်သာကွာဟပြီး အရောင်း သွက်လျက်ရှိကြောင်း နောင်တရားမြို့မှနောင်ယားဈေးတွင်လာရောက်ရောင်းချသော ပင်ရင်းလိမ္မော် သီးရောင်းချသူတစ်ဦးထံမှ သိရပါတယ်။
DOCA(ကယား)