Main menu

ပြည်ဒေသထွက် မန်ကျည်းမှည့်အသစ် ဒေသတွင်းစီးဆင်း

Powered by Drupal

      ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် နှစ်ဟောင်းသိုလှောင်မန်ကျည်းမှည့်များ ကုန်သွား သလောက် ရှိနေကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်တဝိုက်မှ ဒေသထွက် မန်ကျည်း မှည့်အသစ်များ စတင်ဝင်ရောက်ပြီဖြစ်ပါသဖြင့် တစ်ရက်လျှင် ပိဿာ ၃၀၀ အထိ အဝင်ရှိနေ ပါသည်။ အသားချည်း သက်သက် မဟုတ်ဘဲ အစေ့ပါ (ကတုံး) မန်ကျည်းမှည့်များဖြစ်ပြီး တစ်ပိဿာပွဲရုံဈေး ၁၃၅၀ကျပ် ဈေးနှင့် လက်လီ ၁၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေကြောင်း သိရှိ ရပါသည်။ တစ်နေ့လျှင် ဝင်ရောက်လာသော မန်ကျည်းမှည့်အသစ်များကို ဒေသအတွင်းနှင့် သဲကုန်း မြို့နယ်များသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)