စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့သို့ ကြက်သွန်နီအသစ်များ နေ့စဉ် ပိဿာ ၇၀၀၀မှ ၁၅၀၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် လက်လီ အကြီး တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကြက်သွန်နီ အသစ် ဈေးနှုန်းများမှာ ဇန်နဝါရီလ ပထမဆုံးပတ်တွင် လက်လီ အကြီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ၊ ယခင်ပတ်နည်းတူ ကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ၊ နေ့စဉ်ဝင်ရောက် လျက်ရှိသော ကြက်သွန်နီများကို ဒေသတွင်းနှင့် ကြက်သွန်နီ စိုက်ပျိုးနိုင်ခြင်းမရှိသော ကောလင်း၊ ပင်လယ်ဘူး ၊မိုးကုတ်၊ မြစ်ကြီးနား စသည့် မြို့များသို့ တင်ပို့ ရောင်းချရကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီ ပွဲရုံများမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)