Main menu

ရွှေတောင်ဒေသထွက် အစားအစာရေဥ

Powered by Drupal

      မြန်မာတစ်နိုင်ငံလုံးတွင် ဒေသတွင်းအစားအစာတစ်ခုဖြစ်သည့် ရေဥအား ရွှေတောင်မြို့တွင်သာ တွေ့ရှိရပါသည်။ ရေဥမှာ အစိမ်းရောင်ရှိ၍ ရေသန့်မှာသာပေါက်ပြီး တစ်ရာသီထဲသာ ပေါ်ပေါက်လာသည့် သဘာဝ၏လက်ဆောင်ဖြစ်ပါသည်။ ရေဥကို ဈေးထဲတွင် တောင်းကြီးများထဲတွင် ထည့်ပြီး နို့ဆီဘူး (သို့) ပြည်တောင်းများဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။ နို့ဆီဘူး(၁)ဘူးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ရေဥကို ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများအား ရေထဲတွင်ထည့်ပြီး ရေစစ်ဇကာလေးဖြင့် ဆယ်ယူပြီး အချိန်အနည်းငယ်မျှကြာအောင် ရေစစ်ထားရပါသည်။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့အား ဆီသတ်ရာတွင် နနွင်းမှုန့်အနည်းငယ်ထည့်ပြီးနောက် ရေစစ်ထားသောရေဥများအား ဒယ်အိုးထဲတွင် ရောသမမွှေကာ ရေများပွက်ပွက်ဆူလာပြီး အစိမ်းနုရောင်မှ အနည်းငယ် အစိမ်းရင့်ရောင်ဖြစ်လာပါသည်။  ရေများခမ်းခြောက်လာပြီး ရှောက်ရွက် အနည်းငယ်အား ထည့်ပေးပြီးလျှင် အသင့်စားသောက်နိုင်သည့် ရေဥချက်ကို အရံဟင်းတစ်ခွက်အဖြစ် စားသောက်နိုင်ပါသည်။

DOCA(ပဲခူး)