မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၂-၁-၂၀၂၃)ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ဖိုလေးလုံးကျေးရွာ၌ ထုတ်လုပ်သော “ခန့်ခန့်”အမှတ်တံဆိပ် (မာလာရှမ်းကော၊ မာလာရှုးရှဲ၊ ဆီချက်ခေါက်ဆွဲ) လုပ်ငန်းရှင် ဦးဖြိုးဝေအား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
“ခန့်ခန့်”အမှတ်တံဆိပ် (မာလာရှမ်းကော၊ မာလာရှုးရှဲ၊ ဆီချက်ခေါက်ဆွဲ) အသင့်စားအထုပ်များကို ဒေသတွင်းမကွေးမြို့နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်း၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်းမြို့များသို့ ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)မှ လုပ်ငန်းရှင် ဦးဖြိုးဝေအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)