Main menu

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနှင့် မတ်ပဲများ အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ ပဲစဉ်းငုံတစ်တင်းလျှင် (၅၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀၀)တင်း/(၆၅၃)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာလည်း (၅၅၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ တူညီပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မတ်ပဲ

     မတ်ပဲမှာ ဇန်နဝါရီလ ပထမအပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် (၅၂၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀)တင်း/(၆၅)တန်ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာ (၅၃၀၀ဝိ/-)ရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ်လျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ မတ်ပဲများအား ဒေသတွင် တဆင့်ပြန်လည်ရောင်းချသူများမှ အများဆုံးဝယ်ယူသိုလှောင်ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)