Main menu

ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ရွှေဘိုပေါ်ဆန်းစပါးသစ်ဈေးမြင့်လာ

Powered by Drupal

     ရွှေဘိုပေါ်ဆန်းစပါးကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့်ရေဦးခရိုင်တို့တွင် အဓိကထား၍စိုက်ပျိုးကြပါသည်။ ရွှေဘိုပေါ်ဆန်းသည် ဇူလိုင်လအတွင်း စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းတို့တွင် စပါးသစ်ပေါ်လေ့ရှိပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့် ဒီဇင်ဘာလလယ်တွင် ရွှေပေါ်ဆန်းစပါးတင်းတစ်ရာလျှင် ၁၆ သိန်းဝန်းကျင်ခန့်ဈေးရှိခဲ့ရာမှ ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ဇန်နဝါရီလတတိယပတ်တွင် ကျပ် ၁၉ သိန်းခန့်သို့ ရောက်ရှိလာကြောင်းသိရပါသည်။ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဆန်စပါးကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များလက်ဝယ်တွင် ရွှေဘိုပေါ်ဆန်းအဟောင်းများ လက်ကျန်နည်းပါးလာခြင်းနှင့် ယခုထွက်ရှိသည့် စပါးသစ်များသည်လည်း အစိုဓါတ်နည်းလာပြီဖြစ်၍ သိုလှောင်ကြိတ်ခွဲကြမည့် ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များမှ အဝယ်လိုက်လာသောကြောင့်ဖြစ်ကြောင်း ရွှေဘိုဒေသရှိ ဆန်စက်ပိုင်ရှင်များနှင့် ဆန်စပါးကုန်သည်အသိုင်းအဝိုင်းထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)