Main menu

မိတ္ထီလာကုန်စျေးနှုန်းစျေးကွက်

Powered by Drupal

       ဇန်နဝါရီလတတိယပတ်အတွင်း မိတ္ထီလာ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် ကုန်စျေးနှုန်းများမှာ နှမ်းညို တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၈၀၀၀၀)ကျပ် ၊နေကြာစေ့ တစ်ပိဿာလျှင် ( ၃၅၀၀ )ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ( ၁၁၀၀၀ )ကျပ် ၊မြေပဲဆီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ် ၊နေကြာဆီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၅၈၈၀)ကျပ်၊ နှမ်းဖက် တစ်ပိဿာလျှင်(၂၃၀၀)ကျပ်၊ ပဲဖက်တစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ နေကြာဖက် တစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ ကုလားပဲv2 တစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ ပဲစဉ်းငုံသစ် တစ်တင်းလျှင်(၅၇၀၀၀)ကျပ်၊ ဝါ တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ငရုတ် တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ကြက်သွန်နီ တစ်ပိဿာလျှင်(၁၇၀၀)ကျပ်၊ မကျီးတောင့် တစ်ပိဿာလျှင်(၁၃၂၅)ကျပ် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဒုတိယအပတ်နှင့်စျေးနှုန်းနှိုင်းယှဉ်ပါက နှမ်းညို၊ နှမ်းဖြူ၊ နေကြာစေ့၊ကုလားပဲ၊နှမ်းဆီ၊မြေပဲဆီ၊ နှမ်းဖက်၊ ပဲဖက်၊ နေကြာဖက်၊ ဝါ၊ငရုတ်၊မကျီးတောင့်စျေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်နေပြီး၊ နေကြာဆီ တစ်ပိဿာလျှင်(၅၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၁၂၀)ကျပ်၊ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀)ကျပ်ခန့် စျေးနှုန်းကျဆင်းလာကြောင်း၊ ပဲစဉ်းငုံအသစ် တစ်တင်းလျှင် (၂၀၀၀)ကျပ်ခန့်စျေးနှုန်းမြင့်တက်လာကြောင်း မိတ္ထီလာကုန်စည်ဒိုင်မှ သိရပါသည်။

DOCA(မန္တလေး)