Main menu

အရောင်းအဝယ်လိုက်သော မိုးကြက်သွန်နီဈေးကွက်

Powered by Drupal

     မြင်းခြံခရိုင်၏ မိုးကြက်သွန်နီများ ယခင်တစ်ပတ် ဇန်နဝါရီလဆန်းတွင် မြင်းခြံဈေးကွက်သို့ ဝင်ရောက်မှုအနေဖြင့် ပိဿာချိန်(၅၇၀၀၀၀)ကျော် ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် (၁၇၀၀၊၂၀၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၉၀၀၊၁၅၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၄၀၀၊၆၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဇန်နဝါရီလ ဒုတိယပတ်တွင် ဈေးကွက်သို့ဝင်ရောက်မှုမှာ ပိဿာချိန် (၅၇၆၀၀၀)ကျော် ဝင်ရောက်ခဲ့ပြီး အကြီးတစ်ပိဿာလျှင် (၁၉၀၀၊၂၁၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၁၁၀၀၊၁၇၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင် (၅၀၀၊ ၇၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် (၁၀၀)ကျပ် မြင့်တက်ခဲ့ပြီး၊ ဝင်ရောက်မှုမှာလည်း ပိဿာချိန် (၆၀၀၀)ကျော် ပိုမိုဝင်ရောက်ခဲ့ပါသည်။ အရည်အသွေးနှင့် အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းများလည်း ကွာခြားကြောင်း  သိရှိရပါသည်။

     ကြက်သွန်နီတင်ပို့မှုအနေဖြင့် ရန်ကုန်၊နေပြည်တော်၊မြဝတီနှင့်မော်လမြိုင်မြို့များသို့ တင်ပို့ လျှက်ရှိပြီး၊ ယခင်တစ်ပတ်တင်ပို့မှုမှာ (၁၂)ဘီးကား (၂၃)စီး၊ တန်ချိန်အားဖြင့် (၃၉၁)တန်၊ ယခုတစ်ပတ်တွင် တင်ပို့မှုမှာ (၁၂)ဘီးကား (၂၅)စီး၊ တန်ချိန်အားဖြင့် (၄၂၅)တန် ရှိခဲ့သဖြင့် ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် တန်ချိန် (၃၄)တန်ခန့် ပိုမိုတင်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

       ကြက်သွန်နီတစ်ပိဿာ ကားသယ်ယူစရိတ်နှုန်းထားများမှာ မြင်းခြံမှ ရန်ကုန်သို့ (၁၁၅၊၁၂၀) ကျပ်၊ မြင်းခြံမှ နေပြည်တော်သို့ (၁၀၅၊၁၁၀)ကျပ်၊ မြင်းခြံမှ မြဝတီသို့ (၁၆၀၊၁၇၀)ကျပ်၊ မြင်းခြံမှ မော်လမြိုင်သို့ (၁၃၀၊၁၄၀)ကျပ်များ ရှိပြီး၊ (၆)ဘီး၊ (၁၂)ဘီး၊ (၂၂)ဘီး စသည်ဖြင့် ကားအရွယ်အစားအလိုက် ဈေးနှုန်းများကွာခြားမှုရှိကြောင်းနှင့် ကြက်သွန်နီမှာ နေ့စဉ်အရောင်းအဝယ်ဈေးကွက်ရှိကြောင်း ကြက်သွန်နီကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)