မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရသိရပါသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ အိတ်မှ ၃၀ အိတ်ခန့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ အိတ်မှ ၃၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၆၄၀၀၀၊ ယခင်နှစ် ဇန်နဝါရီလတွင် 929 တစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် 929 တစ်တင်းလျှင် ကျပ် ၅၈၀၀၀၊ ယခင်နှစ် ဇန်နဝါရီလတွင် ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၇၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးနှုန်းတူညီနေကြောင်းသိရှိရပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ အိတ်မှ ၃၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ အိတ်မှ ၃၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၂၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၂၀၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ် ၆၂၀၀၊ ယခင်နှစ် ဇန်နဝါရီလတွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၅၈၀၀ ဖြစ်နေပြီး တစ်ပိဿာလျှင် ကျပ်နှစ်ထောင်ကျော်မှ ကျပ်သုံးထောင်ကျော်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ ယခင်နှစ် ဇန်နဝါရီလတွင် နှမ်းဖြူတစ်တင်းလျှင် ကျပ် ၄၉၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် နှမ်းဖြူတစ်တင်းလျှင် ကျပ် ၉၄၀၀၀၊ ယခင်နှစ် ဇန်နဝါရီလတွင် နှမ်းညိုတစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် နှမ်းညိုတစ်တင်းလျှင် ကျပ် ၇၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်မှ လေးသောင်းခွဲခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၇၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)