ဆိပ်ဖြူကုန်စည်ဒိုင်သို့ ဇန်နဝါရီ(၁)ရက်မှ (၇)ရက်အတွင်း မိုးကြက်သွန်နီအများဆုံး စိုက်ပျိုးသော ရွာသစ်ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ ကိုးထောင့်၊ ရေလယ်ကျွန်း၊ ပဒေသာကျွန်း ကျေးရွာများနှင့်ချောက် မြို့၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်ထွက် ကြက်သွန်နီများဝင်ရောက်လျက်ရှိပြီး တစ်ပတ်အတွင်း မိုးကြက်သွန် နီ တစ်ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်)ကျပ် (၂၃၀၀/၂၂၅၀)၊ အလတ်စ ကျပ်(၂၀၀၀/၁၉၅၀/ ၁၇၀၀)၊ အသေးစကျပ် (၁၆၀၀/ ၁၅၀၀/၁၄၀၀) ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်တစ်ပတ် ဈေးနှုန်းထက် မိုးကြက်သွန်နီ ထိပ်စ(ရှယ်) ကျပ်(၃၅၀)၊ အလတ်စ၊ အသေးစတို့မှာ ကျပ်(၂၀၀)စီခန့် ဈေးနှုန်း မြင့်တက်ခဲ့ပါသည်။
ဆိပ်ဖြူကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ တစ်နေ့လျှင် ပျမ်းမျှပိဿာ(၄)သောင်းခန့်၊ တစ်ပတ်အတွင်း ပိဿာ(၃)သိန်းခန့် ဝင်ရောက်ပြီး အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံသို့ အိတ်(၅၇၁၄)၊ ပိဿာ(၂)သိန်းခန့် ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်မြို့အိတ်(၁၄၇၀)၊ ပိဿာ(၅) သောင်း၊ မော်လမြိုင်မြို့ အိတ်(၂၀၈)၊ ပိဿာ (၇၃၀၀)၊ မြဝတီမြို့ အိတ်(၁၁၀၀)၊ ပိဿာ (၃၈၄၀၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)