Main menu

ပေါက်မြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း၌ ဒေသတွင်းရှိ ကျေးရွာများမှ ထွက်ရှိသောသီးနှံမျိုးစုံနှင့် ရှမ်းပြည်နယ် အောင်ပန်း(သီပေါ)မြို့များမှ ထွက်ရှိသောသီးနှံများ၊ ပခုက္ကူမြို့နယ် မြေနုကျွန်းမြေများမှ ထွက်ရှိသော သီးနှံများကို ပခုက္ကူမြို့မှတစ်ဆင့် ပေါက်မြို့စည်ပင်သာယာဈေးအတွင်းသို့ ဝင်ရောက်လျက်ရှိပြီး ဒေသတွင်းရှိ ကျေးရွာများမှ စားသုံးသူများလာရောက် အရောင်းအဝယ်ဖောက်ကားရာ ဈေးလည်းဖြစ်ပါသည်။

   ပေါက်မြို့ စည်ပင်သာယာဈေးတွင် (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှ ဇန်နဝါရီ(၁၀)ရက်နေ့အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်)(၁)ပိဿာလျှင် ကျပ် (၂၀၀၀)၊ ဗမာခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၄၀၀)၊ ခရမ်းချိုသီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ မျှစ် (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဗူးသီး (၁)လုံးလျှင် ကျပ်(၅၀၀/ ၁၀၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ခါကြက်ဥ (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၈၀၀ မှ ၁၀၀၀)၊ မန်းကျီးသီးမှည့် (၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကြက်သွန်နီ (အသစ်) (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၅၅၀၀/ ၆၀၀၀)၊ ပဲနှမ်းခြောက် (၁)ပြည်လျှင် ကျပ်(၆၄၀၀)၊ ကုလားပဲခြမ်း(၁)ပြည် ကျပ်(၆၄၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်း(ရွှေအပ်)သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးခြောက် (အတောင့်) (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်သီးမှုန့်(အကြမ်း) (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငရုတ်သီးမှုန့်(အနု) (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဂျင်းပေါက်(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ကြက်ဥ (၁)ပိဿာလျှင် ကျပ်(၅၅၀၀)၊ ပန်းမုန်လာ (၁)ပွင့်ကျပ်(၅၀၀မှ၁၀၀၀)၊ CP ကြက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ဗမာကြက် (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)၊ ငါးကြင်း ကျပ်(၈၀၀၀)၊ ငါးမုတ် ကျပ်(၆၀၀၀)၊ ငါးခူ (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ဧရာမင်းဆန်(၁)အိတ်လျှင် ကျပ်(၆၀၀၀၀)၊ ဧရာပဒေသာ ဆန်(၁)အိတ်ကျပ်(၆၅၀၀၀)၊ အမေ့နို့ရည် ဆန်(၁)အိတ် ကျပ်(၇၃၀၀၀)၊ မိုးဆန်းပန်း ဆန် (၁)အိတ်ကျပ်(၆၀၀၀၀)၊ စင်းသုခ ဆန်(၁)အိတ်ကျပ်(၅၅၀၀၀)၊ မနောသုခ ဆန်(၁)အိတ်ကျပ်(၅၅၀၀၀)၊ ဇွဲထက် ဆန်(၁)အိတ်ကျပ်(၆၀၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ရောဆီ (၁)ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးတို့ရှိကြောင်း ပေါက်မြို့စည်ပင်သာယာဈေးအတွင်းရှိ ရောင်းဝယ်ဖောက်ကားသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)