Main menu

ဇန်နဝါရီလ(ဒုတိယ)ပတ် ပခုက္ကူမြေပဲဈေးကွက်အခြေအနေ

Powered by Drupal

           ပခုက္ကူမြေပဲဈေးကွက်တွင် ဇန်နဝါရီ(ဒုတိယ)ပတ်အတွင်း မြေပဲဆံများ အဝင်နည်းပြီး ဈေးနှုန်းအမြင့်များဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုတစ်ပတ်တွင် (၆)လမြေပဲတောင့် (အခြောက်)များ  ယောနယ်ဒေသမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ တစ်ပတ် အတွင်း ကုန်ချိန်ပိဿာ(၅၀၀၀၀)ခန့်၊ အိတ်(၂၀၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း၊ မြေပဲတောင့် (အခြောက်) တစ်ပိဿာ ကျပ်(၂၀၀၀/ ၃၃၀၀/ ၃၅၀၀) ဈေးဖြင့် ပေါက်ဈေးရှိပြီး၊ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း မြေပဲဆံတစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၅၂၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး လက်လီဈေးမှာ ကျပ်(၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးကွက်အတွင်းရှိ မြေပဲများကို ဒေသတွင်းနေရာအနှံ့အပြား၊ လုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မြဝတီမြို့များသို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံသို့လည်း မြေပဲဆံများကို တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)