Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (ဆန်)(ဟောင်း)တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(ဆန်)(သစ်)တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊  ဧရာမင်း(ဆန်)(ဟောင်း)တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ဧရာမင်း(ဆန်)(သစ်)တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း) တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ငစိန်ဆန်(သစ်)တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၉၉၅၀-၁၀၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၀၅၀-၆၁၀၀ကျပ်၊ ဆားတစ်ပိဿာလျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်အထိ၊ ကြက်သွန်နီ(အဟောင်း)တစ်ပိဿာလျှင် ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ကြက်သွန်နီ(အသစ်)တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၆၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ၅၃၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ အားလူးတစ်ပိဿာလျှင် ၂၄၀၀ ကျပ်မှ ၂၆၀၀ ကျပ်အထိ၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၈၀၀-၅၀၀၀ ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၅၀၀ ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)တစ်စီးလျှင် ၅၀၀ ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၆၀၀၀-၁၇၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀-၈၀၀၀ ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အတွင်း အသီသီးဈေးရှိနေကြောင်းသိရပါသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း(ဆန်)နှင့် ဧရာမင်းဆန်(သစ်)များ ကြက်သွန်ဖြူ(ရှမ်းစ)၊ အာလူးနှင့် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးအနည်းငယ်တက်နေပြီး၊ ကြက်သွန်နီ(အသစ်)များသည် မုံရွာဈေးကွက်သို့ စတင်ဝင်ရောက်နေပါသဖြင့် ကြက်သွန်နီ (သစ်)ဈေးနှုန်းများမှာ အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။ 

DOCA(စစ်ကိုင်း)