၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၂၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၀၀၀ကျပ်၊ မနောသုခ တစ်ပြည် ၁၉၅၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၂၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၆၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၃၈၀၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၈၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ကြက်ဥ လက်လီဈေးမှာ တစ်လုံး ၁၉၅ကျပ်မှ ၂၃၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၇၈၀၀ကျပ်မှ ၁၀၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၄၈၀၀ကျပ်မှ ၇၅၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ၁၄၀၀၀ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(ပြည်ထောင်စုနယ်မြေ)