Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးနှင့်ပဲတီစိမ်းစိုက်တောင်သူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုထောက်ပံ့

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအား နိုင်ငံစီးပွားရေးရန်ပုံငွေဖြင့် သွင်းအားစုထောက်ပံ့ပေးရန် ဓါတ်မြေဩဇာရောင်းချသော ကုမ္ပဏီ/ လုပ်ငန်းရှင်များနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၂.၁.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီမှာ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ တိုင်းအတွင်းရှိ ဓါတ်မြေဩဇာရောင်းချသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များ စုစုပေါင်း ၇၀ ဦး ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ပျိုးသော တောင်သူများအား တစ်ဧကလျှင် ကျပ် ၂၀၀၀၀ဝိ/-နှင့် ညီမျှသော ဓါတ်မြေဩဇာသွင်းအားစုနှင့် ပဲစိုက်ပျိုးသော တောင်သူများအား တစ်ဧက လျှင် ကျပ် ၁၂၀၀၀ဝိ/- နှင့်ညီမျှသော ဓါတ်မြေဩဇာသွင်းအားစုများ ပံ့ပိုးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ၁၆.၁.၂၀၂၃ရက်နေ့အထိ နွေစပါးစိုက်ဧက ၄၀၆၀၀ဝ၀ မှ စိုက်ဧက ၃၃၅၂၈၉ နှင့် ပဲစိုက်ဧက ၁၂၈၀၇၇ မှ စိုက်ဧက ၉၄၄၁၂ အတွက် ပံ့ပိုးပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ဧကများ အတွက်လည်း ဆက်လက်ပံ့ပိုးပေး နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

DOCA(ဧရာဝတီ)