ကယားပြည်နယ်တွင် အစေ့ထုတ်ပြောင်းကို လွိုင်ကော်ခရိုင်တွင်အများဆုံးစိုက်ပျိုးကြပြီး ဘောလခဲခရိုင်တွင်အနည်းငယ်စိုက်ပျိုးကြလျှက်ရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လွိုင်ကော်ခရိုင်တွင် အစေ့ထုတ်ပြောင်း(မိုး)စိုက်ဧကမှာ(၄၄၂၉၇)ဧကနှင့် ဘောလခဲခရိုင်တွင် အစေ့ထုတ်ပြောင်း(မိုး)စိုက်ဧကမှာ(၃၃၃)ဧကဖြစ်ပြီး အကုန်ရိတ်သိမ်းပြီး ဖြစ်ပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၆၅.၀၉)တင်းဖြစ်ပြီး စုစုပေါင်းအထွက်မှာ(၂၉၀၄၉၈၈)တင်း (၁၄၂၃၁၁) တန် ခန့်ထွက်ရှိပါသည်။ အစေ့ထုတ်ပြောင်း(မိုး)စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင်(၆၅၀)ကျပ်ခန့် ရှိပြီးတဖြေးဖြေးဈေးတက်လာကာ ယခုအချိန်တွင် အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် (၉၈၀)ကျပ် ဝန်းကျင်အထိ မြှင့်တက်လာခဲ့ပါသည်။ ဒေသအခြေအနေအရ ယခင်နှစ်ထက် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုလျော့နည်းလာလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ကယားပြည်နယ်မှ အခြားဒေသများသို့ အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ (၁၀၄၁၆) အိတ်(၅၁၀)တန်ခန့်ရှိပါသည်။ ပြည်နယ်မှထွက်ရှိသော အစေ့ထုတ်ပြောင်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ အဓိကတင်ပို့လျက်ရှိပါကြောင်းသိရှိရပါသည်။
DOCA(ကယား)