Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိကျေးလက်နေပြည်သူများ သဘာဝပေါက်ပင်တံမြက်စည်းပင်များကို စတင်ခုတ်ယူ

Powered by Drupal

             ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဖြစ်သော မိုင်းဆတ်၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဖြတ်မြို့နယ်တို့တွင် တောတောင်များအတွင်း သဘာဝအလျှောက်ပေါက်ရောက်သော တံမြတ်စည်းပင်များကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် စတင်ခုတ်ယူနေကြပြီဖြစ်ပါသည်။

              တံမြက်စည်းပင်များကို ထိုင်းနိုင်ငံသို့တင်ပို့ရန်နှင့် အိမ်သုံးတံမြက်စည်းပြုလုပ်ရန်အတွက် အဓိကခုတ်ယူကြသည်။ တံမြက်စည်းပင်များကိုနှစ်စဉ် ဇန်နဝါရီလမှ မတ်လအတွင်းခုတ်ယူရရှိပါ သည်။ ယခင်နှစ်က ခုတ်ယူရရှိထားသောတံမြက်စည်းပင်များကို နေလှန်းပြုပြင်ပြီး တံမြက်စည်း ပြုလုပ်ရောင်းချရာတွင် တံမြက်စည်းတစ်ချောင်းလျှင် ကျပ်(၁၀၀၀)မှ(၂၀၀၀)ထိရရှိပြီး၊ တံမြက်စည်းမွှေးကို အဝယ်ဒိုင်သို့ရောင်းချပါက တစ်ကီလိုလျှင် ကျပ်(၁၅၀၀)မှ(၂၅၀၀)ထိ ရရှိခဲ့ပါ သည်။

          ယခုနှစ်တွင် တာချီလိတ်မြို့နယ်ရှိတံမြက်စည်းအဝယ်ဒိုင်များသည် တံမြက်စည်းမွှေး အခြောက်တစ်ကီလိုကို ကျပ်(၂၀၀၀)မှစတင်ဝယ်ယူနေကြသောကြောင့် ကျေးလက်နေပြည်သူများအနေနှင့် မိသားစုအပိုဝင်ငွေရရှိရန်အတွက် တံမြက်စည်းပင်များကိုစတင်ခုတ်ယူကာ ပြုပြင်နေလှန်းနေကြပြီ ဖြစ်ပါကြောင်းသိရပါသည်။

DOCA(ရှမ်း)