Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

 ‌        အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၁.၁.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၇.၁.၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၁၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ် ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၇၀)အိတ်၊ နှမ်းပြာ(၂၁၀)အိတ်၊ နှမ်းဖြူ (၈၀)အိတ်၊ နှမ်းနီ (၁၃၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)တင်းလျှင် ကုလားပဲ(HL)မှာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၆၀၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ ပဲကြီး (၁) တင်းလျှင် ယခင်အပတ်တွင်ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၅၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ဘိုကိတ်ပြာ(ဆောင်းသစ်) (၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၃၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၉၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့် ခဲ့ကြောင်း၊ ပဲတီစိမ်း (၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးမြင့် ခဲ့ကြောင်း၊ မတ်ပဲ(၁) တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၂၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၀၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၅၈၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၇၃၀၀) ဖြစ်၍ ကျပ်(၁၅၀၀) ဈေးမြင့်ခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၉၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၃၈၀၀) အိတ်၊ မတ်ပဲ(၁၁၀) အိတ်၊ ကုလားပဲ(HL) (၄၅၀)အိတ်၊ ဘိုကိတ်ပြာ(၉၀) အိတ်နှင့် ပဲကြီး(၂၈၀)အိတ်တို့ အရောင်းအဝယ် ရှိခဲ့ကြောင်း သိရှိရပါသည်။

      မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၂၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၅၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)  ယခင်အပတ်တွင် ကျပ်(၆၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀)ဖြစ်၍ ကျပ်(၄၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်း လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၁၅၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ် (၃၇၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ်(၂၅၀) နှင့် မြေပဲတောင့်အစို တင်း(၂၂၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရှိခဲ့ရပါသည်။

      ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၂၇၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၁၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)