
တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသောတိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးအလုံးတစ်ပိဿာလျှင် (၄၃၀ဝိ/-)ကျပ်နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၄၃၀ဝိ/-)ကျပ်နှုန်းပေါက်ဈေးရှိကြောင်းသိရှိရပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင်(၄၆၀ဝိ/-)ကျပ်နှုန်းပေါက်စျေးရှိကြောင်းသိရှိရပါသည်။
ယခုအချိန်တွင် ကွမ်းသီးအများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများကိုး ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်စျေးနှုန်းနှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်၊၊ ကွမ်းသီးများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှထွက်ရှိသော ဒေသထွက်ကွမ်းသီးများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့အထိ ၁၀၃၄၆၃၁၂/- ပိဿာတင်ပို့ခဲ့ရာ ထားဝယ်မှ ရန်ကုန်သို့ သယ်ယူပို့ဆောင်ခမှာ တစ်ပိဿာလျှင် (၁၀ဝိ/-)ကျပ်နှုန်းရှိကြောင်း ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(တနင်္သာရီ)