Main menu

“မိုးစပါးများရိတ်သိမ်းအပြီးဆောင်းကုလားပဲများစိုက်ပျိုးလျက်ရှိ”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ဒေသခံပြည်သူများသည် စပါးကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်သည့်အတွက်  ဆောင်းသီးနှံဖြစ်သည့် ကုလားပဲအား စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ထွက်ရှိမည်ဖြစ်ပါသည်။ ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ဆောင်းကုလားပဲများကို ကျောက်ဆည်မြို့နယ်တွင် (၂၆၀၂၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၃၀၄)ဧက ၊ မြစ်သားမြို့နယ်တွင် (၃၁၇၄၉)ဧက၊ စုစုပေါင်းစိုက်ပျိုးဧကမှာ (၇၄၀၇၉)ဧကစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ဆောင်းကုလားပဲများကို စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့မှာ(၁.၅-၂)တင်းခန့်ကုန်ကျကြောင်း၊ မျိုးစေ့ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၆၅၀၀ဝိ/-)ကျပ်ဈေးဖြင့် ဝယ်ယူရပြီး (V2)ကုလားပဲမျိုးနှင့် ရိုးရိုးကုလားပဲမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခစုစုပေါင်းမှ ာ(၂၀၀၀၀ဝိ/-)ကျပ်ဝန်းကျင်ခန့်ကုန်ကြပြီး၊ ယခုနှစ်တွင် ကုလားပဲများ ထွက်ရှိခြင်းမရှိသေးသော်လည်း လက်ရှိဈေးကွက်တွင်( V2)ကုလားပဲတစ်တင်းလျှင် (၆၇၀၀၀)ကျပ်၊ ရိုးရိုးကုလားပဲတစ်တင်းလျှင်(၅၅၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ဆောင်းကုလားပဲများကို စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသည့်အပြင် ကုလားပဲပင်မှထွက်ရှိသော ပဲရိုးနှင့်ပဲမှော်များကိုလည်း ကျွဲ၊နွားများအတွက် အစားအစာအဖြစ်အသုံးပြုရသောကြောင့် တွက်ချေကိုက်သည့်သီးနှံဖြစ်၍ တောင်သူများအနေဖြင့် ကုလားပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)