Main menu

“မြေပဲလုံးဆံစျေးနှုန်းမြှင့်တက်လျက်ရှိ”

Powered by Drupal

       မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ဝမ်းတွင်း (၄) မြို့နယ်စလုံးစိုက်ပျိုးကြပြီး၊ မိုးမြေပဲကို မေလ၊ ဇွန်လများတွင် စိုက်ပျိုး၍ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ရိတ်သိမ်းကြပါသည်။ ၂၀၂၂-၂၀၂၃ တွင်း မိုးမြေပဲ စိုက်ဧက (၅၂၈၉၃)၊ ရိတ်ဧက (၄၇၄၈) ဧက၊  အထွက်စုစုပေါင်း (၁၅၄၀၄၁၆) တင်းထွက်ရှိပြီး ထွက်ရှိသောမြေပဲကို ဒေသတွင်း ကြိတ်ခွဲ ထုတ်လုပ် ရောင်းချကြကြောင်း ယခုဇန်နဝါရီလ တတိယပတ်စျေးကွက်အတွင်း ဖြစ်ပေါ် နေသော မြေပဲဆံ စျေးနှုန်းများမှာ မြေပဲလုံးဆံတစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်ဒီဇင်ဘာလ တတိယပတ်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်စျေး ဖြင့်သာ ရောင်းချနိုင်ခဲ့ရာ ယခင်ဒီဇင်ဘာလ တတိယပတ်နှင့် ယခုဇန်နဝါရီလတတိယပတ် နှုန်းယှဉ် လျှင် မြေပဲလုံးဆံ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့် စျေးနှုန်းမြှင့်တက်လာကြောင်း၊ စျေးနှုန်းမြှင့်တက် လာရခြင်းမှာ ဆီကြိတ်ခွဲထုတ်လုပ်မှုရောင်းချမူများ၍ စျေးကွက်အတွင်း ကုန်လက်ကျန်လျော့နည်းလာ ခြင်းကြောင့် ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှသိရပါသည်။

DOCA(မန္တလေး)