Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Powered by Drupal

       မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၂၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ရှစ်ထောင်ငါးရာ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၂၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ရှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀မှ ၆၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ ဈေးနှုန်း အနည်းငယ် ကျဆင်းနေကြောင်း သိရှိရပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် သုံးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၂၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် ဇန်နဝါရီလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၉၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၈၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၇၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၁၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၂၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ကျော်မှ လေးထောင်ခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

 

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၈၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၇၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် မှ လေးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၄၀မှ ၈၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)